ကာမစိတ် - အောကာတွန်းရုပ်ပြ







သိုက်ကပြန်ခေါ်နေသောဥစ္စာစောင့်  ( အောဇာတ်လမ်း )


ဒီအဖြစ်အပျက်ဟာတကယ်ပဲမျက်စိရှေ့မှာမြင်ခဲ့ရတဲ့အဖြစ်ပါ****ယုံတာမယုံတာစာဖတ်သူတွေရဲ့အပိုင်းပါ

စိန်ဟင်းနှင့်မပုမတို့လင်မယားအိမ်တွင်ဒီနေ့သမီးကလေးမွေးသည့်အထိမ်းအမှတ်ဖြင့်
နံမည်ပေးကင်ပွန်းတပ်ပွဲအနေနဲ့လက်ဖက်ရည်နှင့်မုန့်များဧည့်ခံကြွေးမွေးသဖြင့်စည်ကားနေလေသည်။
သူတို့လင်မယားတွင်ပထမသားနှစ်ဦးထွန်းကားသဖြင့်သမီးကလေးလိုချင်နေရာအတော်ဖြစ်သွားလေသည်။
သူတို့သမီးကလေးအားသူတို့အိမ်မက်ထဲကအတိုင်းရွှေမင်းသမီးဟုနံမည်ပေးထားသည်။
ဆန်းဆန်းပြားပြားနံမည်ကိုလူအများကစိတ်ဝင်စားသဖြင့်မေးကြရာသူတို့လင်မယားက
သူတို့အိမ်မက်ထဲတွင်ရွှေရောင်မင်းသမီးလေးတပါးသူတို့နှင်လာနေမယ်လို့အိမ်မက်မက်သဖြင့်ပေးခြင်းဖြစ်သတဲံ့
သူတို့လင်မယားအဖို့သူတို့သမီးကလေးသည်ကောင်းတဲ့နေရာကလာသောမင်းသမီးကလေးဖြစ်သည်ဟု
ရွာထဲကလူများအားမမောနိုင်မပန်းနိုင်ပြောပြရသည်မှာမောရမှန်းပင်မသိကြပါ
သူတို့ပြောသလိုပင်ရွှေမင်းသမီးမွေးသည့်နှစ်တွင်သူတို့ယာခင်းများမှမဖြစ်စဖူးအသီးအနှံများ
ဖြစ်ထွန်းအောင်မြင်သဖြင့်အတော်စီးပွားဖြစ်သွားလေသည်။
တခါတရံမပုမတစ်ယောက်ရွှေမင်းသမီးအားသိပ်ထားရင်းအိမ်အလုပ်များလုပ်နေစဉ်
ရွှေမင်းသမီးသည်သူ့အားတစုံတစ်ယောက်ချော့မြူနေသလိုသဘောကျစွာရီနေတတ်သည်။
တညတွင်မပုမသည်ထူးခြားသောအိမ်မက်ကိုမက်ပြန်သည်အိမ်မက်ထဲတွင်မပုမကတောကြီးထဲရောက်နေကာ
သူ့သမီးကလေးပျောက်၍လိုက်ရှာနေသည်တနေရာအရောက်တွင်ဂူကြီးတဂူအတွင်းမှ
ကလေးရီသံကြားသဖြင့်ထိုဂူထဲသို့ဝင်ကြည့်ရာတွင်ဂူထဲ၌ကျောက်သံပတ္တမြားများအများအပြားတွေ့ရသည်။
ဂူ၏တနေရာတွင်တော့နန်းဝတ်နန်းစားများဝတ်ထားသောချောမောလှပသည့်မိန်းကလေးများအလယ်တွင်
သူတို့ချော့မြူနေကာပျော်ရွင်ရီမောနေသောရွှေမင်းသမီးအားတွေ့ရလေသည်။
မပုမအိမ်မက်ကလန့်နိုးလာတော့သူမသမီးကလေးသည်သိုက်တွေဘာတွေကလာတာများဖြစ်မလားဟုတွေးနေမိသည်။
ရွှေမင်းသမီးအခါလယ်ကျော်လောက်တွင်ကျမ်းမာရေးမကောင်းတက်မတက်ချက်မတက်ငိုငိုနေ၍
မြို့မှနံမည်ကြီးဓတ်ဆရာကြီးတဦးဆီသို့ခေါ်သွားကာပြလေသည်။
ထိုအခါဆရာကြီးကရွှေမင်းသမီးအားကြည့်ကာ
””ဟ—-နင်တို့သမီးကသာမန်မဟုတ်ဘူးဟ——ဥစ္စာစောင့်သိုက်ကလာတာ——သိုက်မှာသူ့မိသားစုကျန်နေခဲ့တယ်ဒါကြောင့်သိုက်ဆက်ဖြတ်ရမယ်——-လောလောဆယ်တော့အငိုတိတ်အောင်ရွှေထည်လေးတွေခမဲအနေနဲ့ဆင်ပေးထားလိုက်——-နဲနဲအရွယ်ရောက်လာမှသိုက်ဆက်လာဖြတ်အဲဒီအခါကျရင်သူ့ကိုသိုက်ကနှောက်ယှက်လိမ့်မယ်—–””
မပုမတို့လင်မယားလဲကလေးအားရွှေဆွဲကြိုးသေးသေးလေးတကုံးဝယ်၍ဆင်လိုက်လေသည်။
ထိုနေ့မှစ၍ကျမ်းမာရေးကောင်းသွားကာအငိုရပ်သွားလေသည်ရွှေကိုအထူးနှစ်သက်လေသည်။
ရွှေမင်းသမီးနဲနဲသိတတ်စအရွယ်မှစ၍ထူးဆန်းသောအိမ်မက်ကိုမကြာမကြာမက်နေသည်။
အိမ်မက်ထဲတွင်ရောင်တစောင်းထုံးထားကာနန်းဝတ်နန်းစားဝတ်ထားသောလူရွယ်တစ်ယောက်သည်
5နှစ်6နှစ့်ခန့်ရှိသောယောင်္ကျားကလေးနှစ်ယောက်လက်အားဆွဲကာသူမအားလိုက်ရှာနေသည်။
ထိုအခါသူမကလည်းသူတို့မမြင်အောင်ပုန်းနေရသည်မှာအမောပင်။
တခါတရံကလေးလေးနှစ်ယောက်က
””မေမေ—မေမေ—-”
ဟုတစာစာအော်ခေါ်နေသံကိုကြားရတဲ့အခါသူမရင်ထဲဝမ်းနည်းနေမိလေသည်။
သူမသည်စိတ်ထားနှုးညံ့သိမ်မွေ့ကာအလွန်သနားတတ်၍မျက်ရည်လွယ်သူဖြစ်သည်။
သူမအိမ်မက်ကလန့်နိုးတော့သူမပါးပြင်တွင်မျက်ရည်များကျနေသည်ကိုအထူးအဆန်းတွေ့ရသည်။
ရွှေမင်းသမီးရဲ့တသွေးတမွေးအလှဟာလူတိုင်းပါးစပ်ဖျားရေပန်းစားသဖြင့်
မြို့မှသဌေးသားတယောက်သည်ရွှေမင်းသမီးအားလာ၍တောင်းရမ်းလေသည်။
ဒါနဲ့မိဘများကသဘောတူလိုက်ကာရွှေမင်းသမီးအားမြို့မှသဌေးသားနှင့်ပေးစားလိုက်လေသည်။
ရွှေမင်းသမီးလဲယောင်နောက်ဖြစ်သောယောင်္ကျားနောက်လိုက်နေရလေသည်
သူမမြို့ကြီးပြကြီးကထိုအိမ်ရောက်ကထဲကဆက်တိုက်ဆိုသလိုထူးထူးဆန်းဆန်းဖြစ်သော
အိမ်မက်မက်နေပြန်သည်အိမ်မက်ထဲတွင်သူမကိုလိုက်ရှာနေသောလူသည်ဒီတခါမှာတော့
သူမမင်္ဂလာဆောင်လိုက်သည့်အတွက်အလွန်ဒေါသထွက်နေကာသူမအား
””’မင်းကလူ့ပြည်အလယ်သွားမယ်ဆိုပြီးငါတို့သားအဖတွေကိုထားခဲ့တာ——အခုတော့လူ့ပြည်မှာအိမ်ထောင်ပြုနေတယ်—-လာငါနဲ့ပြန်လိုက်ခဲ့—-””
””မလိုက်ဘူး—ရှင့်ကိုလဲမသိဘူး—-””
ထိုအခါထိုလူသည်ရွှေမင်းသမီးခေါ်မရသဖြင့်လက်ထဲမှာပါလာသောကျိမ်လုံးနှင့်ရိုက်လေသည်။
ရွှေမင်းသမီးလဲအော်ကာအိမ်မက်ကလန့်နိုးသွားလေသည်။
မနက်မိုးလင်းတော့ရွှေမင်းသမီးလက်မောင်းတွင်အရှိုးရာများထင်နေသည်ကိုအံ့သြစွာတွေ့ရလေသည်။
ဒိလိုနဲ့အိမ်မက်ထဲကလူသည်ရွှေမင်းသမီးအားချော့တခါခြောက်တလှည့်ပြန်ခေါ်လိုက်
ကြိမ်လုံးနဲ့ရိုက်လိုက်ဖြင့်မကြာခဏမက်လေသည်မက်တိုင်းလဲရွှေမင်းသမီးကိုယ်တွင်အရှိုးရာများထင်ကျန်ခဲ့လေသည်။
ထိုဒဏ်ရာများကိုလူမမြင်အောင်ရွှေမင်းသမီးကအင်္ကျီလက်ရှည်အမြဲလိုလိုဝတ်ထားတတ်သည်။
အချိန်ကာလတခုသို့ရောက်လာတော့ရွှေမင်းသမီးတွင်သမီးမိန်းကလေးတစ်ယောက်ရလာလေသည်။
ရ္စေမင်းသမီးသမီးကလေးမွေးပြီးကထဲကခဏခဏငိုနေတတ်သည်ဘာရောဂါမှမရှိပဲအိပ်ယာထဲခွေနေတတ်သည်။
သူမဘာဖြစ်နေမှန်းဘယ်သူမှမသိကြပါသူမယောင်္ကျားကလဲစိုးရိမ်လာသည်။
ဒါနဲ့သူမယောင်္ကျားကသူမမိဘများနှင့်တိုင်ပင်ကာမြို့ကပြဘူးသောနံမည်ကြီးဓတ်ဆရာထံသို့
ခေါ်သွားကာသိုက်ဆက်ဖြတ်ကြလေသည်ဓတ်ဆရာကြီးသည်သိုက်ပွဲများပေးကာ
သိုက်ဆက်ဖြတ်နေချိန်တွင်ရွှေမင်းသမီးအားသိုက်ကဝင်ပူးကာယောင်္ကျားသံကြီးနှင့်ဝမ်းနဲပက်လက်ငိုလေတော့သည်။
ထိုအခါဓတ်ဆရာကြီးကဝင်ပူးနေသူအား
”’ကဲအခုဝင်ပူးနေတာဘယ်သူလဲ””’
””’ကျုပ်ကသိုက်ကလာတာအခုဝင်ပူးခံနေရတဲ့မိန်းကလေးဟာသိုက်မှာကျုပ်ရဲ့မိန်းမပါ—-ကျုပ်တို့မှာသားယောင်္ကျားကလေးနှစ်ယောက်ရှိပါတယ်——အခုလိုသိုက်ဆက်ဖြတ်မယ်ဆိုတော့ကျုပ်တို့သားအဖတွေဘယ်လိုလုပ်ရမလဲ—–ကျုပ်ကတော့မကျေနပ်ဘူး—””’
ထိုအခါဓတ်ဆရာကသိုက်ကဝင်ပူးနေသူအား
””’ကဲသိုက်ကပုဂ္ဂိုလ်မင်းမှာလဲမင်းသောကနဲ့ဒီကသူ့မယောင်္ကျားမှာလဲသူ့သောကနဲဒီတော့ ———–မျှမျှတတဖြစ်သွားအောင်ဒီမှာကလဲအခုမှသမီးကလေးမွေးထားတာမကြာသေးလို့————-
သမီးကလေးအရွယ်ရောက်တဲ့အထိတော့နေ့ခွင့်ပြုပါ””
””’ သူ့သမီးကလေးအိမ်ထောင်ကျတဲ့အခါပြန်ခေါ်ပါ—–””
ဓတ်ဆရာကြီးတောင်းပန်ကာအသက်တောင်း၍သိုက်ဆက်ဖြတ်ပေးလိုက်လေသည်။
ထိုအခါသိုက်ကဥစ္စာစောင့်လဲဝမ်းနည်းစွာငိုရင်းဝင်းပူးနေရာမှထွက်သွားလေသည်။
အဲဒီအချိန်ကထဲကရွှေမင်းသမီးသည်အိမ်မက်မမက်တော့ပါရွှေမင်းသမီးလဲလူ့ဘဝနေရတဲ့အချိန်အတွင်း
ကောင်းမှု့ကုသိုလ်များမပြတ်လုပ်လေသည်သဒ္ဒါတရားလဲအလွန်ကောင်းသည်။
မျက်စိအောက်မှာပင်သူမသမီးကလေးလဲအရွယ်ရောက်လာ၍ဆရာဝန်တယောက်ဖြစ်နေပြီ
တနေ့တွင်သမီးကလေးကသူ့ချစ်သူဆရာဝန်လေးနှင့်အိမ်ထောင်ပြုရန်ခွင့်တောင်းလာသည်။
တနေ့နြေ့ကုံရမည်တွေးထားပေမဲ့လက်တွေ့ဖြစ်လာတဲ့အခါသူတို့လင်မယားစိတ်ထဲအတိတ်ဟောင်းက
သိုက်ဆက်အကြောင်းတွေးမိကြကာစိုးရိမ်သွားကြသည်
သို့ပေမဲ့သမီးကလေးရဲ့နေနဲ့လရွှေနဲ့မြလို့လိုက်ဖက်နေသောမင်္ဂလာကိစ္စကစိုးရိမ်စိတ်ကိုအနိုင်ယူသွားလေသည်။
သမီးကလေးမင်္ဂလာပွဲကိုအကောင်းဆုံးအစည်ကားဆုံးဖြစ်အောင်ကျင်းပပေးနိုင်ခဲ့သည်။
အဲဒီညမှာတော့ရွှေမင်းသမီးအိမ်မက်မက်နေသည်အိမ်မက်ထဲတွင်ရွှေမင်းသမီးမေ့နေသော
အရင်ကရွှေမင်းသမီးအားအိမ်မက်ထဲလာခေါ်နေသောသူသည်ပန်းခင်းတခုအလယ်တွင်ရပ်ကာ
ရွှေမင်းသမီးအားပြုံးကြည့်နေသည်ဒီတခါတော့ရွှေမင်းသမီးလဲပန်းခင်းကြီးအလယ်သို့တရွေ့ရွေ့ရှောက်သွားရင်း
အိမ်မက်ကလန့်နိုးသွားရာအပြင်မှာပင်မွှေးပျံ့သောပန်းရနံ့များကိုရူမိလေသည်။
နောက်တပတ်လောက်နေတော့သမီးကလေးလင်မယားလာလည်မည်ဆို၍
ကြွေးမွေးရန်စီစဉ်နေသောရွှေမင်းသမီးသည်ရုတ်တရက်
””မူးတယ်—-မူးတယ်”’
အော်ကာလဲကျသွားလေသည်သမီးကလေးလင်းမယားရောက်တော့ရွှေမင်းသမီးအသက်အားမမှီတော့ပါ
””’မေမေ—–သမီးကိုစိတ်ချသွားတာလား—–မေမေ—-”’
မိခင်အလောင်းအားဖက်၍ငိုကြွေးနေသောသမီးဖြစ်သူအားရွှေမင်းသမီးယောင်္ကျားက
အသံမထွက်ပဲရင်ထဲကကြေကွဲစွာပြောနေမိသည်။
”””သမီးရေ—-သမီးအမေကသမီးဘဝအဆင်ပြေဘို့အတွက်—-အသက်နဲ့လဲပြီးသမီးကိုမိခင်မေတ္တာပြခဲ့တာပါ——-သမီးအိမ်ထောင်ကျရင်သိုက်ကပြန်ခေါ်မှာသိရက်နဲ့သမီးကလေးတင့်တယ်ပျော်ရွှင်ဖို့—–သတ္တိရှိစွာဆုံးဖြတ်ပေးခဲ့တာပါ—-”””
ရွှေမင်းသမီးယောင်္ကျားသည်ရွှေမင်းသမီးအလောင်းအားကြည့်ကာအံ့ကိုကြိတ်ရင်းမချိတင်ကဲခပ်တိုးတိုးငြီးမိသည်
””အခုတော့ငါ့ကိုရောသမီးကိုရောမင်းစိတ်ချသွားပြီပေါ့—-မင်းဘဝဟောင်းမှာပျော်ပါစေကွာ—–””’
ဝမ်းနဲစွာကျနေသောသူ့ပါးပေါ်ကမျက်ရည်တွေသုတ်ရင်းမိခင်အလောင်းဖက်ကာငိုကြွေးနေသော
သမီးလေးအားငေးကြည့်နေမိပါသည်သူ့မှာနှစ်သိမ့်စရာစကားများရှာမရပါ
ပြီး

Post a Comment

0 Comments

Featured Posts